၁ ရာ​ချုပ် 7:15-18 Judson Bible (BJB)

15. မာခိရသည်မာခါအမည်ရှိသောဟုပိမ်နှင့် ရှုမ်ပိ၏နှမနှင့်စုံဘက်၍၊ နှစ်ဆက်မြောက်သောသားကား ဇလောဖတ်အမည်ရှိ၏။ ဇလောဖတ်၌ သမီးသက်သက်ရှိ၏။

16. မာခိရမယားမာခါသည် သားကိုဘွားမြင်၍၊ ပေရက်အမည်ဖြင့် မှည့်၏။ သူ၏ညီကား ရှေရက်အမည်ရှိ၏။ သူ၏သားကား ဥလံနှင့် ရေကင်တည်း။

17. ဥလံသားကားဗေဒန်တည်း။ ဤရွေ့ကား မနာရှေသား မာခိရ၏ သားဂိလဒ်အမျိုးအနွယ်တည်း။

18. သူ၏နှမ ဟမ္မောလေကက်သည် ဣရှောဒ၊ အဗျေဇာ၊ မဟာလကို ဘွားမြင်၏။

၁ ရာ​ချုပ် 7