၁ ရာ​ချုပ် 6:39-43-62 Judson Bible (BJB)

4. ဧလာဇာသားကား ဖိနဟတ်၊

5. ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊

6. ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊

7. မေရာယတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊

8. အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားအဟိမတ်၊

9. အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။

39-43. လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ်တပါး၊

44-47. လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှ ဆင်းသက်သောဧသန်တပါးမှစ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဘော်၊ မေရာရိအမျိုးသားများတည်း။

48. သူတို့၏ညီအစ်ကိုဖြစ်သော လေဝိသားတို့သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ တဲတော်အမှုအမျိုးမျိုး စောင့်သောအရာ၌ ခန့်ထားခြင်းကို ခံကြ၏။

49. အာရုန်နှင့်သူ၏ သားစဉ်မြေးဆက်မူကား၊ ယဇ်ကောင်ကို မီးရှို့ရာပလ္လင်နှင့်၊ နံ့သာပေါင်းကို မီးရှို့ရာပလ္လင်ပေါ်မှာပူဇော်လျက်၊ အလွန်သန့်ရှင်းရာဌာနတော် အမှုအလုံးစုံကိုစောင့်လျက်၊ ဘုရားသခင်၏ကျွန်မောရှေ မှာထားသမျှအတိုင်း၊ ဣသရေလအမျိုး၏အပြစ်ကို ဖြေရသော သူဖြစ်ကြ၏။

50. အာရုန်၏သားမြေးမှာ၊ အာရုန်သားကား ဧလာဇာ၊ ဧလာဇာသား ဖိနဟတ်၊ ဖိနဟတ်သား အဘိရွှ၊

51. အဘိရွှသားဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊

52. ဇေရဟိသားမရာယုတ်၊ မရာယုတ်သားအာမရိ၊ အာမရိသား အဟိတုပ်၊

53. အဟိတုပ်သားဇာဒုတ်၊ ဇာဒုတ်သားအဟိမတ်တည်း။

54. အာရုန်၏သားမြေးဖြစ်သော ကောဟတ် အဆွေအမျိုးတို့သည်၊ စာရေးတံပြုသောအားဖြင့်ရ၍ နေရသောမြို့နှင့် မြို့နယ်များဟူမူကား၊

55. ယုဒခရိုင်၌ ဟေဗြုန်မြို့နှင့် မြို့နယ်ကိုရကြ၏။

56. သို့ရာတွင် မြို့နှင့်ဆိုင်သောလယ်များ၊ ရွာများတို့ကို ယေဖုန္နသား ကာလက်သည်ရ၏။

57. ပြေး၍မှီခိုရာဟေဗြုန်မြို့မှတပါး၊ ယုဒခရိုင်ထဲကလိဗနမြို့နှင့် မြို့နယ်၊ ယတ္တိရမြို့နှင့်မြို့နယ်၊ ဧရှတမောမြို့နှင့် မြို့နယ်၊

58. ဟောလုန်မြို့နှင့် မြို့နယ်၊ ဒေဗိရမြို့နှင့် မြို့နယ်၊

59. အဣနမြို့နှင့် မြို့နယ်၊ ယုတ္တမြို့နှင့်မြို့နယ်၊ ဗက်ရှေမက်မြို့နှင့် မြို့နယ်တို့ကို၎င်း၊

60. ဗင်္ယာမိန်ခရိုင်ထဲက ဂိဗောင်မြို့နှင့်မြို့နယ်၊ ဂေဗမြို့နှင့်မြို့နယ်၊ အာလမက်မြို့နှင့် မြို့နယ်၊ အာနသုတ်မြို့နှင့် မြို့နယ်တို့ကို၎င်း၊ အာရုန်၏သားမြေးတို့သည် အဆွေ အမျိုးအလိုက်ရ၍၊ မြို့ပေါင်းကား တဆယ်သုံးမြို့တည်း။

61. ကြွင်းသော ကောဟတ်သားအဆွေအမျိုးတို့ သည် စာရေးတံအားဖြင့်၊ မနာရှေခရိုင်ဝက်ထဲက မြို့ဆယ်မြို့တို့ကို ရကြ၏။

62. ဂေရရှုံသား အဆွေအမျိုးတို့သည် ဣသခါခရိုင်၊ အာရှာခရိုင်၊ နဿလိခရိုင်၊ ဗာရှန်ပြည်မနာရှေခရိုင်ထဲက မြို့တဆယ်သုံးမြို့တို့ကို ရကြ၏။

၁ ရာ​ချုပ် 6