၁ ရာ​ချုပ် 6:1-9 Judson Bible (BJB)

1. လေဝိသားကားဂေရရှုံ၊ ကောဟတ်၊ မေရာရိတည်း။

2. ကောဟတ်သားကား အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

3. အာမရံသားကားအာရုန်၊ မောရှေ၊ မိရိအံတည်း။ အာရုန်သားကား နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။

4. ဧလာဇာသားကား ဖိနဟတ်၊

5. ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊

6. ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊

7. မေရာယတ်သား အာမရိ၊ အာမရိသား အဟိတုပ်၊

8. အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သားအဟိမတ်၊

9. အဟိမတ်သား အာဇရိ၊ အာဇရိသား ယောဟန်တည်း။

33-38. ထိုအမှုတော်ကို စောင့်သောသူတို့နှင့် သားစဉ် မြေးဆက်ဟူမူကား၊ ဣသရေလ၊ လေဝိ၊ ကောဟတ်၊ ဣဇဟာ၊ ကောရ၊ ဧဗျာသပ်၊ အဿိရ၊ တာဟတ်၊ ဇေဖနိ၊ အာဇရိ၊ ယောလ၊ ဧလကာန၊ အမာသဲ၊ မာဟတ်၊ ဧလကာန၊ ဇောဖဲ၊ တောအာ၊ ဧလျာဘ၊ ယေရောဟံ၊ ဧလကာန၊ ရှမွေလ၊ ယောလတို့မှ ဆင်းသက်သော ကောဟတ်အမျိုး၊ သီချင်းသည် ဟေမန်တပါး။

39-43. လေဝိ၊ ဂေရရှုံ၊ ယာဟတ်၊ ရှိမိ၊ ဇိမ္မ၊ ဧသန်၊ အဒါယ၊ ဇေရ၊ ဧသနိ၊ မာလခိ၊ ဗာသေယ၊ မိက္ခေလ၊ ရှိမာ၊ ဗေရခိတို့မှဆင်းသက်သော အာသပ်၊ ဟေမန် လက်ျာဘက်မှာ နေရာရှိသော အပေါင်းအဘော် အာသပ်တပါး၊

44-47. လေဝိ၊ မေရာရိ၊ မုရှိ၊ မဟာလိ၊ ရှမေရ၊ ဗာနိ၊ အံဇိ၊ ဟိလခိ၊ အာမဇိ၊ ဟာရှဗိ၊ မလ္လုတ်၊ အာဖဒိ၊ ကိရှိတို့မှ ဆင်းသက်သောဧသန်တပါးမှစ၍ လက်ဝဲဘက်မှာ နေရာရှိသော အပေါင်းအဘော်၊ မေရာရိအမျိုးသားများတည်း။

၁ ရာ​ချုပ် 6