၁ ရာ​ချုပ် 4:33-40 Judson Bible (BJB)

33. ပတ်လည်၌ရှိသော ရွာအပေါင်းတို့ကို ဗာလမြို့တိုင်အောင် ပိုင်ကြ၏။ ဤရွေ့ကား၊ ရှိမောင်အမျိုးသားနေရာနှင့် ဆွေစဉ်မျိုးဆက်ဖြစ်သတည်း။

34. မေရှောဗပ်၊ ယာမလက်၊ အာမဇိသားယောရှ၊

35. ယောလ၊ အာသေလသား စရာယ၏သားယောရှိဘိ၏သားယေဟု၊

36. ဧလျောနဲ၊ ယာကောဘ၊ ယေရှောဟာယ၊ အသာယ၊ အဒျေလ၊ ယေသိမျေလ၊ ဗေနာယနှင့်တကွ၊

37. ရှေမာယ၊ ရှိမရိ၊ ယေဒါယ၊ အလ္လုန်၊ ရှိဖိတို့မှဆင်းသက်သော ဇိဇတည်းဟူသော၊

38. နာမအားဖြင့် မှတ်သောသူတို့သည် အဆွေ အမျိုးသူကြီးဖြစ်၍၊ သူတို့အမျိုးသည် အလွန်ပွားများသတည်း။

39. ထိုသူတို့သည် သိုးကျက်စားရာအရပ်ကို ရှာ၍ ချိုင့်အရှေ့ဘက်၊ ဂေဒေါ်မြို့ဝတိုင်အောင် သွားသောအခါ၊

40. မြက်ပင်ပေါများ၍ ကောင်းသောကျက်စားရာ ကျယ်ဝန်းငြိမ်ဝပ်သော အရပ်ကို တွေ့ကြ၏။ ရှေးကာလ တွင်၊ ဟာမအမျိုးသားတို့သည် ထိုအရပ်၌ နေကြ၏။

၁ ရာ​ချုပ် 4