၁ ရာ​ချုပ် 4:17-22 Judson Bible (BJB)

17. ဧဇရသားကားယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်တည်း။ မေရက်နှင့် စုံဘက်သောဖာရောသမီး ဗိသဟာသည် မိရိ၊ ရှမ္မဲ၊ ဧရှတမောအဘ ဣရှဘကို ဘွားမြင်၏။

18. မယား ယေဟုဒိယသည် ဂေဒေါ်အဘယေရက်၊ စောခေါအဘ ဟေဗာ၊ ဇာနော်အဘ ယေကုသေလကိုဘွားမြင်၏။

19. ယေဟုဒိယသည် နာဟံနှမဖြစ်၏။ နာဟံသည် ဂါမိရွာသားကိလ၊ မာခမြို့သား ဧရှတမော၏အဘ ဖြစ်သတည်း။

20. ရှိမုန်သားကား အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်တည်း။ ဣရှိသားကား ဇောဟက်၊ ဗဇောဟက်တည်း။

21. ယုဒသားဖြစ်သော ရှေလ၏သားကား လေကအဘဧရ၊ မရေရှအဘ လာဒအစရှိသော ပိတ်ချောကို ရက်တတ်သော အာရှဗာအဆွေအမျိုး၊

22. ယောယကိမ်အစရှိသော ခေါဇေဘလူ၊ မောဘပြည်၌အစိုးရသော ယောရှ၊ သာရပ်၊ ယာရှုဗိလင်တည်း။ ထိုသို့ဆိုသော် ရှေးစကားဖြစ်၏။

၁ ရာ​ချုပ် 4