၁ ရာ​ချုပ် 3:1-3 Judson Bible (BJB)

1. ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။

2. တတိယသားကား၊ ဂေရှုရရှင်ဘုရင် တာလမဲသမီးမာခါ၏သား အဗရှလုံတည်း။ စတုတ္ထသားကား၊ ဟဂ္ဂိတ်၏သားအဒေါနိယတည်း။

3. ပဥ္စမသားကား အဘိတလ၏သားရှေဖတိတည်း။ ဆဌမသားကား၊ မြောက်သားတော် ဧဂလတွင် မြင်သောသား ဣသရံတည်း။

၁ ရာ​ချုပ် 3