7. ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဘို့ ရွှေအခွက်ငါး သောင်းနှင့်ရွှေဒင်္ဂါးတသောင်း၊ ငွေအခွက် တသိန်း၊ ကြေးဝါအခွက် တသိန်းရှစ်သောင်း၊ သံအခွက် တသန်းကို လှူကြ၏။
8. ကျောက်မြတ်ရှိသော သူတို့သည်လည်း ဂေရရှုံ အမျိုးသား ယေဟေလလက်ဖြင့် ထာဝရဘုရား၏ အိမ်တော်ဘဏ္ဍာထဲသို့ သွင်းကြ၏။
9. လူများတို့သည် စုံလင်သောနှလုံး၊ ကြည်ညို သော စိတ်သဘောရှိ၍ ထာဝရဘုရားအား ပူဇော်သော ကြောင့် ဝမ်းမြောက်ကြ၏။ ဒါဝိဒ်မင်းကြီးသည်လည်း အလွန်တရာဝမ်းမြောက်တော်မူ၏။
10. ထိုအခါဒါဝိဒ်က၊ အကျွန်ုပ်တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက် မင်္ဂလာရှိတော်မူစေသတည်း။
11. အိုထာဝရဘုရား၊ ကိုယ်တော်သည် ဘုန်းတန်ခိုး အာနုဘော်၊ အောင်မြင်ခြင်းအခွင့်၊ အာဏာတော်နှင့် ပြည့်စုံတော်မူ၏။ ကောင်းကင်မြေကြီး၌ရှိရှိသမျှကို ပိုင်တော်မူ၏။ အိုထာဝရဘုရား၊ကိုယ်တော်သည် အစိုးရ တော်မူ၏။ ခပ်သိမ်းသောသူတို့၏ အထွဋ်၊ မြင့်မြတ်တော် မူ၏။