၁ ရာ​ချုပ် 27:5-9 Judson Bible (BJB)

5. တတိယလနှင့် ဆိုင်သောတတိယတပ်ဗိုလ်မင်း ကား၊ ယဇ်ပုရောဟိတ်ကြီးယောယဒသား ဗေနာယနှင့် တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

6. ထိုမင်းသည်ဗိုလ်စုတွင် ကျော်စောသောသူ၊ ဗိုလ်ချုပ်အရာရှိသောသူဖြစ်၏။ သူ၏သား အမိဇဗဒ် သည်လည်း တပ်မှူးအရာကိုရ၏။

7. စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘ ညီအာသဟေလ၊ စစ်ကဲကားအာသဟေလသားဇေဗဒိ၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

8. ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်းနှစ်သောင်းလေးထောင်တည်း။

9. ဆဋ္ဌမလတွင် ဆဋ္ဌမဗိုလ်မင်းကား တေကောမြို့ သား၊ ဣကေရှ၏သားဣရ၊ တပ်သားပေါင်းနှစ်သောင်း လေးထောင်တည်း။

၁ ရာ​ချုပ် 27