၁ ရာ​ချုပ် 27:23-27 Judson Bible (BJB)

23. ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို မိုဃ်းကောင်းကင်ကြယ်နှင့်အမျှ တိုးပွါးများပြားစေတော်မူ မည်ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်သည် အသက် နှစ်ဆယ်မစေ့သော သူတို့ကို စာရင်းမယူဘဲ နေ၏။

24. ဇေရုယာသားယွာဘသည် စာရင်းယူစပြု၍၊ ထိုအပြစ်ကြောင့် အမျက်တော်သည် ဣသရေလအမျိုး အပေါ်သို့ သက်ရောက်သောအခါ လက်စမသတ်။ ရေတွက်၍ရသော လူပေါင်းကို ဒါဝိဒ်မင်းကြီး၏ မှတ်စာ ၌ မသွင်းမမှတ်။

25. အဒေလသား အာဇိမာဝက်သည် ဘဏ္ဍာတော် စိုးဖြစ်၏။ ဩဇိသားယောနသန်သည် လယ်ပြင်၊ မြို့ရွာ၊ ရဲတိုက်၌ရှိသော ဘဏ္ဍာတိုက်တို့ကို အုပ်ရ၏။

26. ခေလုပ်သားဧဇရိသည် လယ်ယာလုပ်သော သူတို့ကို အုပ်ရ၏။

27. ရာမမြို့သားရှိမိသည် စပျစ်ဥယျာဉ်တော်ကို ၎င်း၊ ရှိဖမိမြို့သား ဇဗဒိသည်စပျစ်သီးနှင့် စပျစ်ရည် တိုက်တို့ကို၎င်း အုပ်ရ၏။

၁ ရာ​ချုပ် 27