၁ ရာ​ချုပ် 23:6-9 Judson Bible (BJB)

6. လေဝိသားဂေရရှုံ၊ ကောဟတ်၊ မေရာရိအမျိုး အသီးအသီးတို့ကို ဒါဝိဒ်ခွဲထား၍ တမျိုးတခြားစီ သင်းဖွဲ့ စေ၏။

7. ဂေရရှုံအမျိုးသားကား၊ လာဒန်နှင့်ရှိမိတည်း။

8. လာဒန်သားအကြီးကား၊ ယေဟေလ၊ သူ၏ညီ ဇေသံနှင့် ယောလ၊ ပေါင်းသုံးယောက်တည်း။

9. ရှိမိသားကား ရှေလောမိတ်၊ ဟာဇေလ၊ ဟာရန်၊ ပေါင်းသုံးယောက်တည်း။ ဤသူတို့သည်လာဒန်အဆွေ အမျိုးသူကြီးဖြစ်ကြ၏။

၁ ရာ​ချုပ် 23