၁ ရာ​ချုပ် 2:34-50 Judson Bible (BJB)

34. ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတယောက်ရှိ၍၊

35. ထိုကျွန်နှင့် သမီးတယောက်ကိုပေးစားသဖြင့်။ သမီးသည် အဘဘို့သားအတ္တဲကို ဘွားမြင်၏။

36. အတ္တဲသားကား နာသန်၊ နာသန်သားဇာဗဒ်။

37. ဇာဗဒ်သားဧဖလလ။ ဧဖလလသားဩဗက်၊

38. ဩဇက်သားယေဟု၊ ယေဟုသား အာဇရိတည်း။

39. အာဇရိသားကား ဟေလက်၊ ဟေလက်သား ဧလာသ၊

40. ဧလာသသားသိသမဲ၊ သိသမဲသား ရှလ္လုံ၊

41. ရှလ္လုံသား ယေကမိ၊ ယေကမိသားဧလိရှမာ တည်း။

42. ယေရမေလ၏ညီ ကာလက်သားဦးကားမေရှ၊ မေရှသားဇိဖ၊ ဇိဖသားမရေရှ၊ မရေရှသားဟေဗြုန်၊

43. ဟေဗြုန်သား ကောရ၊ တာပွါ၊ ရေကင်၊ ရှေမတည်း။

44. ရှေမသားကားရာဟံ၊ ရာဟံသားယော်ကောင်တည်း။ ရေကင်သားကား ရှမ္မဲ၊

45. ရှမ္မဲသား မောန၊ မောနသားဗက်ဇုရတည်း။

46. ကာလက်မယားငယ်သည်လည်း ဟာရန်၊ မောဇ၊ ဂါဇက်တို့ကို ဘွားမြင်၏။ ဟာရန်သားကား ယာဒဲ တည်း။

47. ယာဒဲသားကားရေဂင်၊ ယောသံ၊ ဂေရှံ၊ ပေလက်၊ ဧဖာ၊ ရှာဖတည်း။

48. ကာလက်မယားငယ်မာခါသည်လည်း၊ ရှေဗာနှင့် တိရဟာနကို၎င်း၊

49. မာဒမေနအဘရှာဖ၊ မာခဗေနအဘရှေဝ၊ ဂိအာအဘကို၎င်း ဘွားမြင်၏။ ကာလက်သမီးကား အာခသတည်း။

50. ဧဖရတ်သားဦးဟုရ၏သားဖြစ်သော ကာလက်သားကား၊ ကိရယတ်ယာရိမ် အဘရှောဗာလ၊

၁ ရာ​ချုပ် 2