၁ ရာ​ချုပ် 2:25-35 Judson Bible (BJB)

25. ဟေဇရုံ၏ သားဦးယေရမေလ သားကား သားဦးအာရံမှစ၍ ဗုန၊ ဩရင်၊ ဩဇင်၊ အဟိယတည်း။

26. အာတရအမည်ရှိသော အခြားမယားတွင် ဩနံကိုမြင်၏။

27. ယေရမေလ၏ သားဦးအာရံသားကားမာဇ၊ ယာမိန်၊ ဧကာတည်း။

28. ဩနံသားကားရှမ္မဲနှင့် ယာဒတည်း။ ရှမ္မဲသားကား နာဒပ်နှင့် အဘိရှုရတည်း။

29. အဘိဟဲလအမည်ရှိသော အဘိရှုရမယားသည် အာဗန်နှင့် မောလိဒ်ကို ဘွားမြင်၏။

30. နာဒပ်သားကား သေလက်နှင့် အပ္ပိမ်တည်း။ သေလက်၌သားမရှိ။

31. အပ္ပိမ်သားကား ဣရှိ၊ ဣရှိသားရှေရန်၊ ရှေရှန်သားအာလဲတည်း။

32. ရှမ္မဲညီယာဒသားကား ယေသာနှင့် ယောနသန်တည်း။ ယေသာ၌ သားမရှိ။

33. ယောနသန်သားကား ပေလက်နှင့် ဇာဇတည်း။ ဤရွေ့ကား ယေရမေလအမျိုးအနွယ်တည်း။

34. ရှေရှန်၌သားမရှိ။ သမီးသက်သက်ရှိ၏။ ရှေရှန်၌ ယာဟအမည်ရှိသော အဲဂုတ္တုအမျိုးသား ကျွန်ယောက်ျားတယောက်ရှိ၍၊

35. ထိုကျွန်နှင့် သမီးတယောက်ကိုပေးစားသဖြင့်။ သမီးသည် အဘဘို့သားအတ္တဲကို ဘွားမြင်၏။

၁ ရာ​ချုပ် 2