၁ ရာ​ချုပ် 2:1-4 Judson Bible (BJB)

1. ဣသရေလ၏သားများဟူမူကား၊ ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန်၊

2. ဒန်၊ ယောသပ်၊ ဗင်္ယာမန်၊ နဿလိ၊ ဂဒ်၊ အာရှာတည်း။

3. ယုဒသည် ခါနာန်အမျိုးဖြစ်သော ရှုအာသမီးတွင် မြင်သော သားကား ဧရ၊ ဩနန်၊ ရှေလတည်း။ ယုဒသားကြီးဧရသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောသူဖြစ်၍ ကွပ်မျက်တော်မူခြင်းကို ခံရ၏။

4. ချွေးမတာမာတွင် မြင်သောသားကား ဖာရက်နှင့် ဇာရတည်း။ ယုဒသားပေါင်းကား ငါးယောက်တည်း။

၁ ရာ​ချုပ် 2