၁ ရာ​ချုပ် 17:18-22 Judson Bible (BJB)

18. ကိုယ်တော်ကျွန်ဒါဝိဒ်သည် ကိုယ်ဘုန်းကြီးစေခြင်းငှါ၊ အဘယ်သို့ တိုးတက်၍ လျှောက်ရပါမည်နည်း။ ကိုယ်တော်သည် ကိုယ်တော်ကျွန်ကို သိတော်မူ၏။

19. အိုထာဝရဘုရား၊ ကိုယ်တော်ကျွန်အကျိုးကိုထောက်၍ အလိုတော်ရှိသည်အတိုင်း ဤကြီးစွာသော အမှုအလုံးစုံတို့ကို ထင်ရှားစေခြင်းငှါ အလုံစုံတို့ကို ပြုတော်မူပြီ။

20. သို့ဖြစ်၍ အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားသမျှအတိုင်း ကိုယ်တော်နှင့် တူသောဘုရား၊ ကိုယ်တော်မှတပါးအခြားသော ဘုရားမည်မျှ မရှိပါ။

21. အဲဂုတ္တုပြည်မှရွေးနှုတ်တော်မူသော ကိုယ်တော်၏ လူမျိုးရှေ့မှလူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဘွယ်သော နာမတော်ကို ကိုယ်တော်အဘို့ ထင်ရှားစေခြင်းငှါ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဘို့ ရွေးနှုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုးနှင့်တူသော လူမျိုးတစုံတမျိုးသည် မြေကြီးပေါ်မှာ ရှိပါသလော။

22. အကြောင်းမူကား၊ ကိုယ်တော်၏လူဣသရေလအမျိုးသည် အစဉ်အမြဲ ကိုယ်တော်၏လူဖြစ်စေခြင်းငှါပြု၍၊ ကိုယ်တော်ထာဝရဘုရားသည် သူတို့ဘုရားသခင် ဖြစ်တော်မူ၏။

၁ ရာ​ချုပ် 17