1. ထိုသို့ဘုရားသခင်၏သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
2. မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်းအမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရ ဘုရား၏နာမတော်ကို မြွက်၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ၏။
15-19. ငါသည်သင်တို့အမွေခံရာဘို့၊ ခါနာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့်မများ၊ အလွန်နည်း၍၊ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊ အာဗြဟံ၌ဂတိထား၍ ဣဇာက်၌ ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊ လူမျိုးအဆက်တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။