၁ ရာ​ချုပ် 15:17-23 Judson Bible (BJB)

17. ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊

18. မိမိတို့ညီဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကို၎င်း ခန့်ထားကြ၏။

19. သီချင်းဆရာဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။

20. ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ် တယောကို ထိုးရကြ၏။

21. မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။

22. လေဝိသားအကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်းဆရာကြီးဖြစ်၏။

23. ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါးစောင့်ဖြစ်၏။

၁ ရာ​ချုပ် 15