12. သင်တို့သည် လေဝိသားအဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ သေတ္တာတော်အဘို့ ငါပြင်ဆင်သော အရပ် ဌာနသို့ ဆောင်ခဲ့ခြင်းငှါ ကိုယ်ကို၎င်း၊ ညီအစ်ကိုတို့ ကို၎င်း၊ သန့်ရှင်းစေကြလော့။
13. အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကိုရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
14. ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသား တို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှါ ကိုယ်ကိုသန့်ရှင်းစေ ကြ၏။
15. ထာဝရဘုရားအမိန့်တော်နှင့်အညီ မောရှေ မှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင် ၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းဘိုးဖြင့် ထမ်းကြ ၏။
16. လေဝိသားအကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တုရိယာမျိုးနှင့် သီချင်းဆိုတတ် သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင် ဆိုစေခြင်းငှါ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိ သည်အတိုင်း၊
17. ထိုလေဝိသားတို့သည် ယောလသားဟေမန်၊ သူ၏ညီစုထဲက ဗေရခိသားအာသပ်၊ မိမိတို့ညီစု၊ မေရာရိ အမျိုးထဲက ကုရှာယသားဧသန်တို့ကို၎င်း၊