၁ ရာ​ချုပ် 12:26-30 Judson Bible (BJB)

26. လေဝိအမျိုးသားလေးထောင်ခြောက်ရာ၊

27. အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊

28. ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊

29. ရှောလုပေါက်ဘော်ဖြစ်သော ဗင်္ယာမိန်အမျိုးသားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလုဘက်မှာစောင့်နေကြ၏။

30. ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှားသော ဧဖရိမ်အမျိုးသား နှစ်သောင်းရှစ်ရာ၊

၁ ရာ​ချုပ် 12