၁ ရာ​ချုပ် 10:4-6 Judson Bible (BJB)

4. လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင်၊ သင့်ထားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည်လာ၍၊ ငါ့ကိုမရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟုဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုထားကိုယူ၍ ထောင်ပြီးလျှင်၊ ထားဖျားပေါ်မှာ လှဲ၍သေ၏။

5. ရှောလုသေသည်ကို လက်နက်ဆောင်လုလင်မြင်လျှင်၊ သူသည်လည်း ထိုထားကို ထောင်၍ထားဖျားပေါ်မှာ လှဲ၍သေ၏။

6. ထိုသို့ရှောလုနှင့် သူ၏သားသုံးယောက်မှစ၍ နန်းတော်သားအပေါင်းတို့သည် အတူသေကြ၏။

၁ ရာ​ချုပ် 10