၁ ရာ​ချုပ် 1:44-50 Judson Bible (BJB)

44. ဗေလမင်းသေ၍ သူ၏အရာ၌ ဗောဇရ အရပ်သား ဇေရ၏သားယောဗပ်သည် မင်းပြုလေ၏။

45. ယောဗပ်မင်းသေ၍ သူ၏အရာ၌ တေမာနိအရပ်သား ဟုရှံသည် မင်းပြုလေ၏။

46. ဟုရှံမင်းသေ၍ မောဘလွင်ပြင်၌ မိဒျန်လူတို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သားဟာဒဒ်သည် ဟုရှံအရာ၌မင်းပြုလေ၏။ မြို့တော်ကား အာဝိတ်မြို့တည်း။

47. ဟာဒဒ်မင်းသေ၍ သူ၏အရာ၌မာသရက် အရပ်သားစာမလသည် မင်းပြုလေ၏။

48. စာမလမင်းသေ၍ သူ၏အရာ၌ မြစ်နားမှာနေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြုလေ၏။

49. ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သားဗာလဟာနန်သည် မင်းပြုလေ၏။

50. ဗာလဟာနန်မင်းသေ၍ သူ၏အရာ၌ ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကားပေါမြို့တည်း။ မြောက်သားတော်ကား မေဇဟပ်သမီးဖြစ်သော မာတရေဒ၏သမီး မဟေတဗေလတည်း။

၁ ရာ​ချုပ် 1