၁ ရာ​ချုပ် 1:22-37 Judson Bible (BJB)

22. ဩဗာလ၊ အဘိမေလ၊ ရှေဘ၊

23. ဩဖိရ၊ ဟဝိလ၊ ယောဗပ်၊ ဤသူအပေါင်းတို့သည် ယုတ္တန်သား ဖြစ်ကြသတည်း။

24. ရှေမ၊ အာဖာဇဒ်၊ ရှာလ၊

25. ဟေဗာ၊ ဖာလက်၊ ရာဂေါ၊

26. စေရောက်၊ နာခေါ်၊ တေရ၊

27. အာဗြဟံအမည်ရှိသော အာဗြံတည်း။

28. အာဗြဟံသားကား ဣဇာက်နှင့် ဣရှမေလတည်း။

29. ဣရှမေလသားအကြီးကားနဗာယုတ်၊ နဗာယုတ်ညီကေဒါ၊ အာဒဗေလ၊ မိဗသံ၊

30. မိရှမ၊ ဒုမာ၊ မာစ၊ ဟာဒါ၊ တေမ၊

31. ယေတုရ၊ နာဖီရှ၊ ကေဒမာတည်းဟူသော ဣရှမေလသားတည်း။

32. အာဗြဟံမယားနှောင်းကေတုရသားကားဇိမရံ၊ ယုတ်ရှန်၊ မေဒန်၊ မိဒျန်၊ ဣရှဘတ်၊ ရှုအာတည်း။ ယုတ်ရှန်သားကားရှာဘနှင့် ဒေဒန်တည်း။

33. မိဒျန်သားကား ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒါဧလဓာတည်းဟူသော ကေတုရ သားမြေးတည်း။

34. အာဗြဟံသား ကားဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။

35. ဧသောသားကား ဧလိဖတ်၊ ရွေလ၊ ယုရှ၊ ယာလံ၊ ကောရတည်း။

36. ဧလိဖတ်သားကား တေမန်၊ ဩမရ၊ ဇေပေါ်၊ ဂါတံ၊ ကေနတ်မှစ၍ တိမနတွင် ရသောသား အာမလက်တည်း။

37. ရွေလသားကား နာဟတ် ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။

၁ ရာ​ချုပ် 1