18. ထိုအခါ ရှောလုသည် ရှမွေလရှိရာ တံခါးဝသို့ ချဉ်းကပ်လျှင်၊ မြင်သောသူ၏အိမ်ကို ပြပါလော့ဟု တောင်းပန်သော်၊-
19. ရှမွေလက၊ ငါသည် မြင်သောသူ ဖြစ်၏။ ငါ့ရှေ့မှာ မြင့်သောအရပ်သို့ တက်သွားလော့။ ယနေ့ ငါနှင့်အတူ စားရမည်။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်။ သင့်စိတ်နှလုံးထဲမှာ ရှိသမျှကိုလည်း ငါဘော်ပြမည်။
20. တမြန်နေ့က ပျောက်သော သင်၏ မြည်းတို့ကို မအောက်မေ့နှင့် တွေ့လျက်ရှိပြီ။ ဣသရေလအမျိုး သည် အဘယ်သူကို အလိုရှိသနည်း။ သင်နှင့် သင်၏ အဆွေအမျိုးအပေါင်းကို အလိုရှိသည် မဟုတ် လောဟု ရှောလုအား ပြောဆို၏။
21. ရှောလုကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးတို့တွင် အငယ်ဆုံးသောအမျိုး၊ ဗင်္ယာမိန် အမျိုး သားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗင်္ယာမိန်အဆွေအမျိုး အပေါင်းတို့တွင် အငယ်ဆုံးဖြစ်ပါသည် မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤသို့ ပြောပါသနည်းဟု လျှောက်လေ၏။