၁ ရာ 20:18-26 Judson Bible (BJB)

18. တဖန် ယောနသန်က၊ နက်ဖြန်နေ့သည် လဆန်းနေ့ဖြစ်၍၊ သင်ထိုင်ရာအရပ် လပ်လျှင် သင်မရှိကြောင်း ထင်ရှားလိမ့်မည်။

19. သင်သည် သုံးရက်နေပြီးမှ အလျင်အမြန် ဆင်းလာသဖြင့်၊ အရင်အမှုရှိစဉ် ပုန်းရှောင်၍ နေရာအရပ်သို့ ရောက်လျှင်၊ ဧဇေလ ကျောက်နားမှာ နေရမည်။

20. ကျွန်ုပ်သည်လည်း၊ စက်ကို ပစ်ဟန်ပြု၍၊ ထိုကျောက်နားသို့ မြှားသုံးစင်းပစ်မည်။

21. မြှားတို့ကို သွား၍ ရှာချေဟု လူကလေးကို စေခိုင်းသောအခါ၊ မြှားတို့သည် နင့်အနားမှာရှိ၏။ ကောက်တော့ဟု သေချာစွာ ပြောလျှင်လာခဲ့ပါ။ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း ဘေးမရှိ၊ ချမ်းသာရပြီ။

22. သို့မဟုတ်၊ မြှားတို့သည် နင့်ကို လွန်ပြီဟု လုလင်အား ဆိုလျှင် သွားလော့။ ထာဝရဘုရားသည် သင့်ကို လွှတ်လိုက်တော်မူ၏။

23. ယခု ငါတို့နှစ်ယောက် ပြောသော အမှုသည်ကား၊ ထာဝရဘုရားသည် သင်နှင့် ကျွန်ုပ်စပ်ကြားမှာ အစဉ်ရှိတော်မူစေသတည်းဟု ဒါဝိဒ်အား ပြောဆိုလေ၏။

24. ဒါဝိဒ်သည် တော၌ ပုန်းရှောင်၍ နေ၏။ လဆန်းနေ့ရောက်မှ ရှင်ဘုရင်သည် စားတော်ခေါ်ခြင်းငှါ ထိုင်၏။

25. ထုံးစံအတိုင်းထရံနားမှာ ရှင်ဘုရင်ထိုင်လျှင်၊ ယောနသန်ထ၍ အာဗနာသည် ရှောလုအနားမှာ ထိုင်၏။ ဒါဝိဒ်၏ နေရာ ထိုင်ရာသည် လပ်၏။

26. သို့ရာတွင် ရှောလုက အကြောင်းတစုံတခုရှိလိမ့်မည်။ သူသည် မစင်ကြယ်။ အကယ်၍ သူသည် မစင်ကြယ်ဟု ထင်မှတ်၍ ထိုနေ့၌ တိတ်ဆိတ်စွာနေ၏။

၁ ရာ 20