၁ ရာ 17:56-58 Judson Bible (BJB)

56. ရှင်ဘုရင်က၊ ထိုလုလင်သည် အဘယ်သူ၏ သားဖြစ်လိမ့်မည်ကို မေးစစ်လော့ဟု မိန့်တော်မူ၏။

57. ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ၊ သူ၏ ဦးခေါင်းကို ကိုင်လျက် ပြန်လာသောအခါ၊ အာဗနာသည် ခေါ်၍ ရှောလုထံသို့ ဆောင်သွားပြီးလျှင်၊-

58. ရှောလုက၊ အချင်း လုလင်၊ သင်သည် အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူ၏။ ဒါဝိဒ်ကလည်း ကျွန်တော်သည် ကိုယ်တော်ကျွန်၊ ဗက်လင်မြို့သား ယေရှဲ၏သား ဖြစ်ပါသည်ဟု လျှောက်လေ၏။

၁ ရာ 17