၁ ပေ 5:9-12 Judson Bible (BJB)

9. သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍မာရ်နတ်ကို ဆီးတားကြလော့။

10. ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည်။

11. ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။

12. ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင်လျက်၊ သင်တို့မှီဝဲ ဆည်းကပ်သောဤအရာများသည် ဘုရား သခင်၏ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက်၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ၊ ငါစိတ်ထင် သည်အတိုင်း သင်တို့အမှု၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့်ယခုပေးလိုက်၏။

၁ ပေ 5