၁ ကော 11:30-34 Judson Bible (BJB)

30. ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသော သူအများရှိကြ၏။ သေသော သူအများလည်း ရှိကြ၏။

31. ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြော စီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။

32. စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏။

33. ထိုကြောင့် ငါ့ညီအစ်ကိုတို့၊ သင်တို့သည် စားအံ့သောငှါ စည်းဝေးသောအခါ၊ အချင်းချင်း တယောက်ကို တယောက်ငံ့လင့်ကြလော့။

34. တစုံတယောက်သောသူသည် ဆာမွတ်လျှင်၊ သင်တို့သည် အပြစ်ခံလျက် မစည်းဝေးစေခြင်းငှါ ထိုသူ သည် မိမိအိမ်၌ စားစေ။ ကြွင်းသော အမှုများကို ငါလာသောအခါ စီရင်မည်။

၁ ကော 11