ဧ​သ​တာ 5:6-10 Judson Bible (BJB)

6. တဖန်စပျစ်ရည်သောက်ပွဲခံစဉ်၊ ရှင်ဘုရင်က၊ သင်သည် အဘယ်သို့ အလိုရှိသနည်း။ အလိုရှိသည် အတိုင်း ငါပေးမည်။ အဘယ်ဆိုကို တောင်းချင်သနည်း။ တောင်းသမျှကိုနိုင်ငံတော်တဝက်တိုင်အောင် ငါပေးမည် ဟု ဧသတာအားမိန့်တော်မူလျှင်၊

7. ဧသတာက၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော်မ တောင်းချင်သော ဆုဟူမူကား၊

8. ကျွန်တော်မကို အရှင်မင်းကြီး၏စိတ်နှင့် တွေ့ တော်မူလျှင်၎င်း၊ ကျွန်တော်မအလိုရှိ၍ ကျွန်တော် မတောင်းချင်သောဆုကို ပေးသနားခြင်းငှါ အရှင်မင်းကြီး အလိုတော်ရှိလျှင်၎င်း၊ ကျွန်တော်မပြင်ဆင်သော ပွဲသို့ အရှင်မင်းကြီးသည် ဟာမန်နှင့်တကွ တဖန်ကြွတော်မူပါ။ အမိန့်တော်ရှိသည်အတိုင်း နက်ဖြန်နေ့၌ ကျွန်တော်မပြု ပါမည်ဟု ပြန်လျှောက်လေ၏။

9. ထိုနေ့၌ ဟာမန်သည် ဝမ်းမြောက်ရွှင်လန်း သော စိတ်နှင့် ထွက်သွားသော်လည်း၊ နန်းတော်တံခါးဝ မှာ မော်ဒကဲသည် ရိုသေစွာမထ၊ အလျှင်းမလှုပ်ဘဲနေ သည်ကို မြင်သောအခါ၊ မော်ဒကဲကို အလွန်အမျက် ထွက်လေ၏။

10. သို့ရာတွင် မိမိစိတ်ကို ချုပ်တည်းလျက်သွား၍၊ မိမိအိမ်သို့ရောက်သောအခါ၊ မယားဇေရက်နှင့် အဆွေ ခင်ပွန်းတို့ကို ခေါ်ပြီးလျှင်၊

ဧ​သ​တာ 5