12. အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်းတရာတကျိပ်၊
13. အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသော သူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျား ပေါင်းခြောက်ကျိပ်၊
14. ဗိဂဝဲအမျိုးသားဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်းခုနစ်ကျိပ်တည်း။
15. ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နားမှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံးတဲ၌ နေကြ၏။ လူများ နှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသားတယောက်ကိုမျှ မတွေ့သောအခါ၊