ဧ​ဇ​ရ 8:1-9 Judson Bible (BJB)

1. အာတဇေရဇ်မင်းကြီးလက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့ ၏ သားစဉ်မြေးဆက်စာရင်းဟူမူကား။

2. ဖိနဟတ်မျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊

3. ရှေခနိအမျိုး ဖာရုတ်အနွယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်းတရာငါးကျိပ်။

4. ပါဟတ်မောဘအမျိုး၊ ဇေရာယသားဧလျောနဲ နှင့် ယောက်ျားပေါင်းနှစ်ရာ၊

5. ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျား ပေါင်းသုံးရာ၊

6. အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊

7. ဧလံအမျိုး၊ အာသလိသားယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်

8. ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊

9. ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်းနှစ်ရာတကျိပ်ရှစ်ယောက်၊

ဧ​ဇ​ရ 8