ဧ​ဇ​ရ 7:1-5-10 Judson Bible (BJB)

1-5. ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊

6. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။

7. အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့ သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။

8. ရှင်ဘုရင် နန်းစံခုနစ်နှစ်၊ ပဥ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။

9. ပဌမလတရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလတရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ရောက်လေ၏။

10. အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား ၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင် ြင်းငှါ၎င်း သဘောကျသောသူဖြစ်၏။

ဧ​ဇ​ရ 7