ဧ​ဇ​ရ 5:4-15 Judson Bible (BJB)

4. ဤအိမ်ကိုတည်ဆောက်သော သူတို့၏အမည်ကား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးစစ်ကြသော်လည်း၊

5. ဒါရိမင်း အမိန့်တော်မရောက်မှီတိုင် အလုပ်အကိုင် မပြတ်စေခြင်းငှါ၊ ဘုရားသခင်သည် ယုဒအမျိုးသား အသက်ကြီးသူတို့ကို ထောက်ရှုတော်မူ၏။ သို့ဖြစ်၍ အထံတော်သို့လျှောက်စာကိုပေးလိုက်ကြ၏။

6. မြစ်အနောက်ဘက် မြို့ဝန်တာတနဲနှင့် ရှေသာဗောဇနဲမှစ၍ သူတို့အပေါင်းအဘော်၊

7. မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့သည်၊ ဒါရိမင်းကြီးထံသို့ပေးလိုက်သော စာချက်ဟူမူကာ၊ ဒါရိမင်းကြီး၌ အစဉ်ချမ်းသာရှိပါစေသော။

8. ကျွန်တော်တို့သည် ယုဒပြည်တွင် ကြီးမြတ်သောဘုရားသခင်၏ အိမ်တော်သို့ရောက်၍၊ ထိုအရပ်သားတို့သည် အိမ်တော်ကို ကျောက်ကြီးနှင့်တည်လျက်၊ ကျောက်ထရံပေါ်မှာ သစ်သားကို တင်လျက်၊ အလျင်အမြန်လုပ်ဆောင်၍ အကြံထမြောက်ကြောင်းကို သိမှတ်တော်မူပါ။

9. ဤအိမ်ကိုတည်ဆောက်ရမည်၊ ဤမြို့ရိုးကို ပြုပြင်ရမည်အကြောင်း အဘယ်သူမှာထားသနည်းဟူ၍၎င်း၊

10. သူကြီးတို့၏ အမည်များကိုစာရင်းယူ၍ အထံတော်သို့ပေးလိုက်ခြင်းငှါ၊ သူကြီးတို့၏အမည်များကို၎င်း၊ အသက်ကြီးသူတို့၌မေးမြန်းသောအခါ။

11. သူတို့က၊ ငါတို့သည် ကောင်းကင်နှင့်မြေကြီး အရှင်ဘုရားသခင်၏ ကျွန်တော်ဖြစ်ကြ၏။ ရှေးကာလ၌ ကြီးမြတ်သော ဣသရေလရှင်ဘုရင် တည်ထောင်တော်မူသော အိမ်တော်ကို ယခုပြုပြင်ကြ၏။

12. ငါတို့ဘိုးဘေးတို့သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ အမျက်တော်ကိုနှိုးဆော်သောကြောင့်၊ သူတို့ကိုခါလဒဲမင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာလက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်သည် ဤအိမ် တော်ကို ဖျက်ဆီး၍၊ ပြည်သားတို့ကို ဗာဗုလုန်မြို့သို့ သိမ်း သွား၏။

13. ဗာဗုလုန်ရှင်ဘုရင်ကုရုသည်၊ နန်းစံပဌမနှစ် တွင် ဤဗိမာန်တော်ကို ပြုပြင်ရမည်အကြောင်း မိန့်တော်မူ၏။

14. နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကထုတ်၍၊ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော်လည်း၊ ဗာဗုလုန်မြို့၏ ဗိမာန်သို့ ဆောင်သွားသော ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ကုရုမင်းကြီးသည် ဗာဗုလုန်မြို့၏ဗိမာန်ထဲက တဖန်ထုတ်၍၊ ရှေရှဗာဇာအမည်နှင့် မြို့ဝန်အရာ၌ ခန့်ထားသောသူလက်သို့ အပ်တော်မူလျက်၊

15. ဤတန်ဆာတို့ကိုယူ၍ ယေရုရှလင်မြို့၏ဗိမာန်တော်သို့ ဆောင်သွားလော့။ ဘုရားသခင်၏အိမ်တော်ကို မိမိနေရာ၌ တည်ပြန်စေဟု မိန့်တော်မူသည်အတိုင်း၊

ဧ​ဇ​ရ 5