8. ယေရုရှလင်မြို့ ဗိမာန်တော်သို့ရောက်သော ဒုတိယနှစ်၊ ဒုတိယလတွင် ရှာလသေလသား ဇေရုဗဗေလ၊ ယောဇဒတ်သားယောရှု၊ ကျန်ကြွင်းသော ညီ အစ်ကို၊ ယဇ်ပုရောဟိတ်၊ လေဝိသားများ၊ အချုပ်ခံရသော လူစုထဲကထွက်၍၊ ယေရုရှလင်မြို့သို့လာသော လူများအပေါင်းတို့သည်ထ၍ ဗိမာန်တော်တည်ဆောက် ခြင်းအမှုကို နှိုးဆော်စိမ့်သောငှါ လေဝိသားတို့ကို ခန့်ထားကြ၏။
9. ထိုအခါယုဒအမျိုး၊ ယောရှုနှင့် သူ၏သားညီများ၊ ကပ်မျေလနှင့်သူ၏သားများ၊ လေဝိအမျိုးဟေနဒဒ်သားများ၊ သူတို့သားနှင့် ညီများတို့သည်၊ ဗိမာန်တော်ကို တည်ဆောက်လုပ်ဆောင်သော သူတို့ကိုနှိုးဆော်ခြင်းငှါ ထကြ၏။
10. လုပ်ဆောင်သောသူတို့သည် ထာဝရဘုရား၏ ဗိမာန်တော်တိုက်မြစ်ကိုချသောအခါ၊ ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သည်အတိုင်း၊ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှါ၊ တံပိုးကိုင်သော ယဇ်ပုရောဟိတ်များ၊ ခွက်ကွင်းကိုင်သောလေဝိအမျိုး၊ အာသပ်သားများတို့ကို ခန့်ထားကြ၏။