ဧ​ဇ​ရ 3:12-13 Judson Bible (BJB)

12. သို့ရာတွင်အသက်ကြီး၍ အရင်ဗိမာန်တော်ကို မြင်ဘူးသော ယဇ်ပုရောဟိတ်၊ လေဝိသား၊ အဆွေအမျိုးသူကြီးအများတို့သည်၊ နောက်ဗိမာန်တော်တိုက်မြစ်ကျ လျက်ရှိသည်ကို မြင်သောအခါ၊ ကြီးစွာသော အသံနှင့် ငိုကြွေးကြ၏။ လူအများတို့သည်လည်း ဝမ်းမြောက်သောစိတ်နှင့် ကြွေးကြော်ကြ၏။

13. ထိုသို့ပြုသော ကြွေးကြော်သံနှင့်ငိုကြွေးသံကို ကြားသော သူတို့သည် ပိုင်းခြား၍ မသိနိုင်ကြ။ လူများတို့သည် ကြီးစွာသောအသံနှင့် ကြွေးကြော်သောကြောင့်၊ ဝေးသောအရပ်၌ ကြားရလေ၏။

ဧ​ဇ​ရ 3