ဧ​ဇ​ရ 3:1-3 Judson Bible (BJB)

1. သတ္တမလရောက်မှ မြို့ရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားလူအပေါင်းတို့သည်၊ ယေရုရှလင် မြို့သို့ တညီတညွတ်တည်းလာ၍ စုဝေးကြ၏။

2. ထိုအခါ ယောဇဒက်သားယောရှုနှင့် သူ၏ညီအစ်ကိုယဇ်ပုရောဟိတ်များ၊ ရှာလသေလသား ဇေရုဗဗေလနှင့် သူ၏ညီအစ်ကိုများတို့သည်ထ၍ ဘုရားသခင်၏လူ မောရှေရေးထားသော ပညတ္တိကျမ်းစာ၌ပါသည် အတိုင်း၊ မီးရှို့ရာ ယဇ်တို့ကိုပူဇော်လိုသောငှါ၊ ဣသရေလအမျိုး၏ ဘုရားသခင့်ယဇ်ပလ္လင်ကိုတည်ကြ၏။

3. ထိုပြည်အရပ်ရပ်၌နေသောသူတို့ကို ကြောက်သော်လည်း၊ ယဇ်ပလ္လင်ကို မိမိဘိနပ်ပေါ်မှာ တည်ထား၍၊ နံနက်ညဦးမပြတ်မီးရှို့ရာယဇ်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။

ဧ​ဇ​ရ 3