ဧ​ဇ​ရ 2:65-69 Judson Bible (BJB)

65. ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ၊

66. မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊

67. ကုလားအုပ်ပေါင်းလေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်းခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။

68. အဆွေအမျိုးသူကြီးအချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှါ၊

69. တတ်နိုင်သမျှအတိုင်းအလိုလိုလှူ၍၊ ရွှေဒင်္ဂါးခြောက်သောင်းတထောင်၊ ငွေအခွက်ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ်အစုံတရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။

ဧ​ဇ​ရ 2