အာ​မုတ် 2:12-14 Judson Bible (BJB)

12. သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။

13. ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။

14. အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။

အာ​မုတ် 2