ဟ​ဗက္ကုတ် 2:3-13 Judson Bible (BJB)

3. ထိုရူပါရုံသည် ချိန်းချက်သော အချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသာနှင့် ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန် ရောက်လိမ့်မည်။

4. စိတ်မြင့်သောသူသည် သဘောမဖြောင့်။ ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။

5. ထိုမှတပါး၊ စပျစ်ရည်နှင့်ပျော်မွေ့သော သူသည် သစ္စာပျက်တတ်၏။ မာနထောင်လွှားသောသူသည် ကိုယ် နေရာ၌မနေနိုင်ဘဲ၊ မိမိလောဘကို မရဏာနိုင်ငံကဲ့သို့ ကျယ်စေလျက်၊ သေမင်းကဲ့သို့ မပြေနိုင်သော စိတ်ရှိ လျက်၊ တိုင်းသူနိုင်ငံသား အမျိုးမျိုးအပေါင်းတို့ကို မိမိထံသို့ ဆွဲငင်၍ စုဝေးစေ၏။

6. ထိုသူအပေါင်းတို့သည် သူတဘက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင် သော ဥစ္စာကို ဆည်းဖူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံးကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည်မဟုတ်လော။

7. သင့်ကို ကိုက်သော သူတို့သည် ချက်ခြင်း ထကြမည်မဟုတ်လော။ နှောင့်ရှက်သောသူတို့သည် နိုးကြမည် မဟုတ်လော။ သင်သည် သူတို့လုယူရာဖြစ်လိမ့်မည်။

8. သင်သည် များစွာသောလူမျိုးတို့ကို လုယူသောကြောင့်၊ ကျန်ကြွင်းသော လူမျိုးအပေါင်းတို့သည် သင့်ကို လုယူကြလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သားအပေါင်းတို့ကို ညှဉ်းဆဲသောအပြစ်ကြောင့် ပြုကြလိမ့်မည်။

9. မိမိအသိုက်ကို မြင့်သော အရပ်၌တင်၍ ဘေးဒဏ်လက်မှ မိမိလွတ်စေခြင်းငှါ၊ မကောင်းသော အဓမ္မ စီးပွားကို မိမိအမျိုးအဘို့ ရှာသောသူသည် အမင်္ဂလာရှိ၏။

10. သင်သည် လူများတို့ကို လုပ်ကြံသောအားဖြင့် ကိုယ်အမျိုးကို အရှက်ကွဲစေခြင်းငှါ ကြံစည်၍၊ ကိုယ် အသက်ကို ပြစ်မှားပြီ။

11. အကယ်စင်စစ် ကျောက်တလုံးသည် ကျောက်ထရံထဲက ဟစ်ခေါ်၍၊ ထုပ်တချောင်းသည် သစ်သားစုထဲ က ထူးလေ၏။

12. လူအသက်ကို သတ်သောအပြစ်နှင့် ရွာကို တည်သောသူ၊ အဓမ္မအမှုနှင့် မြို့ကို ခိုင်ခံ့စေသော သူသည် အမင်္ဂလာရှိ၏။

13. လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။

ဟ​ဗက္ကုတ် 2