ဟ​ဗက္ကုတ် 2:13-17 Judson Bible (BJB)

13. လူများတို့သည် မီးထဲမှာ လုပ်ဆောင်၍၊ အမျိုး မျိုးတို့သည် အချည်းနှီးသော အမှု၌ ပင်ပန်းစေခြင်းငှါ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားစီရင်တော်မူပြီ။

14. အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာ ကို လွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရား၏ ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။

15. မိမိအိမ်နီးချင်း၌ အဝတ်အချည်းစည်းရှိခြင်းကို မြင်လို၍၊ သူ့ကို ယစ်မူးစေခြင်းငှါ သေရည်သေရက်ကို လောင်း၍ သောက်စေသော သူသည် အမင်္ဂလာရှိ၏။

16. သင်သည် အသရေပျက်၍ အရှက်ကွဲခြင်းနှင့် ဝလိမ့်မည်။ ကိုယ်တိုင်သောက်၍ အဝတ်ချွတ်ခြင်းကို ခံရ လိမ့်မည်။ ထာဝရဘုရား၏ လက်ျာလက်တော်၌ရှိသော ဖလားသည် သင့်ဆီသို့ ရောက်၍၊ ရွံရှာဘွယ်သော အော့ အန်ခြင်းသည် သင့်အသရေကို လွှမ်းမိုးလိမ့်မည်။

17. လေဗနုန်တောင်ကို အနိုင်အထက်ပြုသောအပြစ်၊ တိရစ္ဆာန်များကို ကြောက်မက်ဘွယ်သော အခြင်း အရာနှင့် ဖျက်ဆီးသောအပြစ်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ လူအသက်ကို သတ်သောအပြစ်၊ ပြည်သူမြို့သား အပေါင်းတို့ကို ညှဉ်းဆဲသော အပြစ်ရှိ၏။v 18 ထုလုပ်သော ရုပ်တုသည် အဘယ်အကျိုးကို ပေး၍၊ လက်သမားသည် ထုလုပ်ရသနည်း။ သွန်းသော ရုပ်တုနှင့်မိစ္ဆာဆရာသည် အဘယ်အကျိုးကို ပေး၍၊ လုပ်သောသူသည် မိမိအလုပ်ကို မှီခိုလျက်၊ စကားအသော ရုပ်တုတို့ကို လုပ်ရသနည်း။

ဟ​ဗက္ကုတ် 2