ဟေ​ရှာ​ယ 65:1-11 Judson Bible (BJB)

1. ငါ့ကိုမမေးမလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရကြပြီ။ ငါ့ကိုကြည့်ကြလော့။ ကြည့်ကြလော့ဟု ငါ့နာမကို ပဌနာမပြုသောလူမျိုးအား ငါပြောဆိုပြီ။

2. မိမိအလိုအတိုင်း မကောင်းသောလမ်းကို လိုက်၍၊ ငြင်းဆန်တတ်သော လူမျိုးကို မျက်နှာပြုလျက်၊ တနေ့လုံး ငါသည် ကိုယ်လက်ဝါးကိုဖြန့်ရပြီ။

3. ထိုလူမျိုးသည် ဥယျာဉ်၌ ယဇ်ပူဇော်၍၊ အုတ်ပေါ်မှာ လောဗန်ကို မီးရှို့သဖြင့်၊ ငါ့အမျက်ကို နှိုးဆော်ခြင်းငှါ၊ ငါ့မျက်မှောက်၌ အစဉ်ပြုတတ်၏။

4. သခင်္ျိုင်းမှာနေ၍၊ သခင်္ျိုင်းတွင်း၌ အိပ်တတ်၏။ ဝက်သားကို စား၍၊ ရွံ့ရှာဘွယ်သော အမဲသားပြုတ်ရည်ကို သောတတ်၏။

5. သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည်သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သော သူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့၎င်း၊ အစဉ်လောင်သောမီးကဲ့သို့ ၎င်း ဖြစ်ကြ၏။

6. ငါ့ရှေ့မှာ စာရင်းမှတ်လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ်စွာမနေ၊ အကျိုးအပြစ်ကို ဆပ်ပေးမည်။

7. သင်တို့၏ ဒုစရိုက်အပြစ်ကို၎င်း၊ တောင်ပေါ်မှာ လောဗန်ကို မီးရှို့၍၊ ကုန်းပေါ်မှာ ငါ့ကိုကဲ့ရဲ့သော သင်တို့ ဘိုးဘေး၏ ဒုစရိုက်အပြစ်ကို၎င်း သင်တို့ရင်ခွင်၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူတို့ပြုဘူးသော အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ရင်ခွင်၌ ငါခြင်၍ ပေးမည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။

8. တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်သီးပြွတ်၌ စပျစ်ရည်ကို တွေ့သောအခါ မဖျက်နှင့်၊ မင်္ဂလာရှိသည်ဟု ဆိုတတ်သကဲ့သို့၊ ထိုအတူ၊ ငါ့ကျွန်တို့၏ အကျိုးအလိုငှါ ငါပြုမည်။ အကုန်အစင်မဖျက်။

9. ယာကုပ်အမျိုးထဲက မျိုးစေ့ကို၎င်း၊ ယုဒအမျိုးထဲက ငါ့တောင်ကို အမွေခံရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါရွေးကောက်သော သူတို့သည် ပြည်တော်ကို အမွေခံ၍၊ ငါ၏ကျွန်တို့သည် နေရကြလိမ့်မည်။

10. ငါ့ကိုရှာသော ငါ၏လူတို့အဘို့၊ ရှာရုန်အရပ်သည် သိုးခြံဖြစ်လိမ့်မည်။ အာခေါ်ချိုင့်သည်လည်း နွားများ အိပ်ရာအရပ်ဖြစ်လိမ့်မည်။

11. သင်တို့မူကား၊ ထာဝရဘုရားကိုစွန့်ပစ်သောသူ၊ ငါ၏သန့်ရှင်းသော တောင်ကိုမေ့လျော့သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲကိုခင်း၍၊ မေနိဘုရားအား သွန်းလောင်းရာ ပူဇော်သက္ကာကို ပြင်သောသူဖြစ်ကြ၏။

ဟေ​ရှာ​ယ 65