ဟေ​ရှာ​ယ 63:3-5 Judson Bible (BJB)

3. စပျစ်သီးကို ငါတယောက်တည်းနင်းနယ်ရပြီ။ လူများအထဲကတယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့အသွေးသည် ငါ့အဝတ်ပေါ်မှာ ဖျန်းလျက်ရှိပြီ။ ငါ့ အဝတ်တန်ဆာရှိသမျှကို ငါဆိုးပြီ။

4. အပြစ်ပေးသော နေ့ရက်ကို ငါအောက်မေ့ပြီ။ ငါရွေးနှုတ်သော သူတို့၏ နှစ်သည် ရောက်လာပြီ။

5. ငါကြည့်ရှု၍ မစသောသူမရှိ။ မှိုင်တွေသော် လည်း ထောက်ပင့်သောသူမရှိ။ ထိုကြောင့်၊ ကိုယ်လက်သည် ကိုယ်အဘို့ ကယ်တင်ခြင်းကို ပြုပြီ။ ကိုယ်ဒေါသ အမျက်သည် ကိုယ်ကို ထောက်ပင့်ပြီ။

ဟေ​ရှာ​ယ 63