11. အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင်၎င်း၊
12. ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။
13. ထိုပြည်၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။