ဟေ​ရှာ​ယ 59:12-17 Judson Bible (BJB)

12. ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။

13. ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသောစကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန်သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆိုခြင်းကို ပြုကြပြီ။

14. ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။

15. သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူသည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။

16. လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော်မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။

17. ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ်ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကြီးခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆောင်တော်မူ၏။

ဟေ​ရှာ​ယ 59