11. ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့် မည်။ အကျိုးမရှိဘဲ ငါ့ထံသို့ မပြန်ရ။ ငါ့အလိုကို ပြည့်စုံ စေမည်။ ငါစေခိုင်းသော အမှု၌ အောင်လိမ့်မည်။
12. သင်တို့သည် ဝမ်းမြောက်သော စိတ်နှင့်ထွက်၍၊ ချမ်းသာစွာ ပို့ခြင်းကို ခံရကြလိမ့်မည်။ တောင်ကြီး တောင်ငယ်တို့သည် သင်တို့ရှေ့မှာ သီချင်းဆိုသံနှင့် ကြွေးကြော်၍၊ တော၌ရှိသမျှသော အပင်တို့သည် လက်ခုပ်တီး ကြလိမ့်မည်။
13. အမျိုးမျိုးသော ဆူးပင်အရာ၌ ထင်းရူးပင်နှင့် မုရတုပင်တို့သည် ပေါက်ကြလိမ့်မည်။ ထိုအမှုသည် ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မပျောက် မပျက်ရသော ထာဝရသက်သေဖြစ်ရလိမ့်မည်။