7. ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။
8. မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။
9. ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။
10. ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။