2. သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး ၏ ဘုရားသခင်ကို မှီခိုသော သူတို့၊ နားထောင်ကြလော့။
3. ဖြစ်ဘူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ခြင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
4. သင်သည် ခိုင်မာသောသဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊
5. အထက်က သင့်အား ငါဟောပြီ။ အမှုမဖြစ်မှီ ငါဘော်ပြပြီ။ သို့ဖြစ်၍ သင်က ၊ ငါ၏ရုပ်တုသည် ဤအမှုကို ပြုပြီ။ ငါထုသော ရုပ်တု၊ ငါသွန်းသော ရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့်မရှိ။
6. သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသောအရာတို့ကို ငါဘော်ပြ၏။
7. ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်က ဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည် မကြားစဖူး။ သို့ဖြစ်၍ သင်က ၊ ငါသိနှင့်ပြီဟု ပြောရသော အခွင့်မရှိ။
8. အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏ နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဘွားစကပင် သင့်ကို သူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။