ဟေ​ရှာ​ယ 48:15-19 Judson Bible (BJB)

15. ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။

16. ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။

17. သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။

18. သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။

19. သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။

ဟေ​ရှာ​ယ 48