10. ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
11. ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုပ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ် အသရေကို သတပါးအား ငါမပေး။
12. အိုယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
13. အကယ်စင်စစ် ငါ့လက်သည် မြေကြီးကို တည် လေပြီ။ ငါ့လက်ျာလက်သည် မိုဃ်းကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ခြင်း ပေါ်လာကြ၏။
14. ရှိသမျှသော သင်တို့၊ စည်းဝေး၍ နားထောင် ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံ စေမည်။ သူ၏ လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
15. ငါ့ကိုယ်တိုင် အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကို ငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
16. ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှု ဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။
17. သင့်ကို ရွေးနှုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သော လမ်းဖြင့် ပို့ဆောင်သော သင်၏ ဘုရားသခင်ထာဝရဘုရား ဖြစ်၏။
18. သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
19. သင်၏ အမျိုးအနွယ်သည် သဲလုံးကဲ့သို့၎င်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာကျောက်စရစ်ကဲ့သို့၎င်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာ မပြတ်၊ မပျက်မစီးရ။
20. ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာ သီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသိတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကို လွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနှုတ်တော်မူပြီဟု ပြောဆိုကြလော့။
21. သူတို့သည် တောလမ်းဖြင့် ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဘို့ ကျောက်ထဲက ရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။
22. မတရားသော သူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။