14. ငါသည် ကြာမြင့်စွာ တိတ်ဆိတ်လျက်နေပြီ။ ထိုသို့နေ၍ အောင့်ရဦးမည်လော။ သားဘွားခြင်းဝေဒနာ ကို ခံရသော မိန်းမကဲ့သို့ ငါအော်ဟစ်မည်။ ပင့်သက်ရှု၍ ချက်ခြင်း ဖျက်ဆီးမည်။
15. တောင်ကြီးတောင်ငယ်များကို သွေ့ခြောက်စေ မည်။ သူတို့အပင်ရှိသမျှတို့ကိုလည်း ညှိုးနွမ်းစေမည်။ မြစ်များကို ကုန်းဖြစ်စေမည်။ ရေကန်များကို ခန်းခြောက် စေမည်။
16. မျက်စိကန်းသော သူတို့ကို မိမိတို့မသိသော လမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသော ခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သော လမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သော ကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။
17. ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆိုသော သူတို့သည် လှန်ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။
18. နားပင်းသော သူတို့၊ ကြားကြလော့။ မျက်စိ ကန်းသောသူတို့၊ သင်တို့သည် မြင်ရအံ့သောငှါ ကြည့်ရှု ကြလော့။
19. ငါ့ကျွန်မှတပါး အဘယ်သူ ကန်းသနည်း။ ငါစေလွှတ်သော တမန်ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေကဲ့သို့ အဘယ်သူကန်းသနည်း။ ထာဝရဘုရား၏ ကျွန်ကဲ့သို့ အဘယ်သူ ကန်းသနည်း။
20. သင်သည် များစွာမြင်သော်လည်း အာရုံမပြု တတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။
21. ထာဝရဘုရားသည် မိမိဖြောင့်မတ်ခြင်းကြောင့် အားရနှစ်သက်သဖြင့်၊ တရားတော်ကို ချီးမြှောက်၍ ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူမည်။
22. ဤလူမျိုးသည် လုယူဖျက်ဆီးခြင်းကို ခံရသော အမျိုးဖြစ်၏။ ရှိသမျှတို့သည် တွင်း၌ အချုပ်ခံရ၍၊ ထောင် ထဲမှာ ပုန်းကွယ်လျက်နေကြ၏။ ဖျက်ဆီးရာဖြစ်သော အခါ၊ အဘယ်သူမျှ မနှုတ်မယူ။ လုယူရာဖြစ်သောအခါ၊ ပြန်ပေးလော့ဟု အဘယ်သူမျှမဆို။
23. သင်တို့တွင် အဘယ်သူသည် ဤစကားကို နားထောင်မည်နည်း။ နောင်ကာလဘို့ အဘယ်သူကြား၍ မှတ်မည်နည်း။
24. လုယူရာဖြစ်စေခြင်းငှါ ယာကုပ်ကို၎င်း၊ ထားပြ တို့ လက်သို့ ဣသရေလကို၎င်း အဘယ်သူ အပ်သနည်း။ ငါတို့ ပြစ်မှားသော အရှင်ထာဝရဘုရား အပ်တော်မူ သည်မဟုတ်လော။ သူတို့သည် နောက်တော်သို့ မလိုက်၊ တရားတော်ကို မကျင့်ဘဲ နေကြ၏။
25. ထို့ကြောင့်၊ ပြင်းစွာသော အမျက်တော်ထွက် ခြင်း ကြမ်းတမ်းသော စစ်တိုက်ခြင်းကို သူတို့အပေါ်သို့ သွန်းလောင်းတော်မူသဖြင့်၊ သူတို့ပတ်လည်၌ မီးရှို့၏။ သို့သော်လည်း၊ သူတို့သည် မသိကြ။ မီးလောင်သော် လည်း၊ သတိမထားဘဲ နေကြ၏။