ဟေ​ရှာ​ယ 41:17-28 Judson Bible (BJB)

17. ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။

18. မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ်၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။

19. တော၌ အာရဇ်ပင်၊ အကာရှပင်၊ မုရတုပင်၊ သံလွင်ပင်များကို၎င်း၊ လွင်ပြင်၌ ထင်းရူးပင်၊ တဒေရပင်၊ တာရှုရပင်များကို၎င်း ရောနှောလျက် စိုက်မည်။

20. သို့ဖြစ်၍၊ ထာဝရဘုရားသည် ဤအမှုကို စီရင်၍၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရားဖန်ဆင်း တော်မူကြောင်းကို၊ ထိုသူအပေါင်းတို့သည် သိမြင်၍၊ ဆင်ခြင်နားလည်ကြလိမ့်မည်။

21. သင်တို့၏ အမှုကို စောင့်ကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့၏ခိုင်ခံ့သော သက်သေများကို ထုတ်ပြကြလော့ဟု ယာကုပ်အမျိုး၏ ရှင်ဘုရင် မိန့်တော်မူ၏။

22. ထုတ်ဘော်၍ အနာဂတ္တိအရာတို့ကို ငါတို့အား ပြကြစေ။ အရင်ဖြစ်ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါတို့ ဆင်ခြင်၍၊ ထိုအရာတို့၏ အဆုံးကို သိရမည်အကြောင်း ဘော်ပြကြစေ။ သို့မဟုတ်၊ ဖြစ်လတံ့သောအရာတို့ကို ငါတို့အား ဟောပြောကြစေ။

23. သင်တို့သည် ဘုရားဖြစ်သည်ကို ငါတို့ သိရမည်အကြောင်း၊ ဖြစ်လတံ့သော အရာတို့ကို ပြကြလော့။ အချင်းချင်း တယောက်ကိုတယောက် ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်းသောအမှု၊ ဆိုးသောအမှု တစုံတခုကို ပြုကြလော့။

24. သင်တို့သည် အဘယ်မျှမဟုတ်သော အရာထက်သာ၍ ယုတ်မာကြ၏။ သင်တို့အမှုလည်း၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ ယုတ်မာ၏။ သင်တို့ကို ရွေးယူသော သူသည် ရွံ့ရှာဘွယ် ဖြစ်၏။

25. မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်းစေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။

26. ငါတို့သည် သိရမည်အကြောင်း၊ ရှေ့ဦးစွာမှစ၍ အဘယ်သူသည် ဟောပြောသနည်း။ မှန်ပေ၏ဟု ငါတို့ သည် ဆိုရမည်အကြောင်း၊ ရှေးမဆွက အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြသော သူတယောက်မျှမရှိ။ ဟောပြောသော သူတယောက်မျှမရှိ။ သင်တို့ စကားကို ကြားသောသူတယောက်မျှမရှိ။၏

27. ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေးဦးစွာ ငါသည် ဇိအုန်မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော တမန်ကိုလည်း၊ ယေရုရှလင်မြို့သို့ ငါစေလွှတ်၏။

28. သူတို့ကို ငါကြည့်ရှုသောအခါ၊ တစုံတယောက်မျှမရှိ။ သူတို့တွင် သတိပေးသော သူတယောက်မျှမရှိ။ ပြန်ပြောစေခြင်းငှါ သူတို့ကို ငါမေးမြန်းသော်လည်း၊

ဟေ​ရှာ​ယ 41