ဟေ​ရှာ​ယ 36:18-21 Judson Bible (BJB)

18. ဟေဇကိက၊ ထာဝရဘုရားသည် ငါတို့ကို ကယ်ယူတော်မူမည်ဟု မဖြားယောင်းစေနှင့်။ အပြည်ပြည် သောဘုရားတို့သည် မိမိတို့ပြည်များကို အာရှုရိရှင်ဘုရင် လက်မှ ကယ်လွှတ်ကြပြီလော။

19. ဟာမတ်ပြည်၏ ဘုရား၊ အာပဒ်ပြည်၏ဘုရား တို့သည် အဘယ်မှာရှိကြသနည်း။ သေဖရဝိမ်ပြည်၏ ဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ သူတို့သည် ရှမာရိပြည်ကို ငါ့လက်မှ ကယ်လွှတ်ကြပြီလော။

20. ထိုအပြည်ပြည်သော ဘုရားတို့တွင်၊ အဘယ်မည်သော ဘုရားသည် မိမိပြည်ကို ငါ့လက်မှကယ်လွှတ် ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

21. ယုဒလူတို့လည်း၊ စကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာ နေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင် အမိန့်တော်ရှိသတည်း။

ဟေ​ရှာ​ယ 36